ဝန်ဆောင်မှုများ
ကာဗွန်ခြေရာ
ကာဗွန်ခြေရာ
ရွှေတောင်သာဂသူ အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမည့် အပြင် ကမ္ဘာလုံးဆိုင်ရာ အထင်ကရအဖွဲ့အစည်းတစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ ရှိ Global Reporting Initiative (GRI) ၏ အသုံးစရိတ်အခြေပြု တွက်ချက် နည်းကို ကိုးကား၍ လူကြီးမင်းတို့ ကုမ္ပဏီ၏ ကာဗွန်ခြေရာ တိုင်းတာခြင်း ကို ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် ၃ ခုလုံးပေါ်တွင် တိုင်းတာဆောင်ရွက်ပေးပါ သည်။
ယခုတွက်ချက်မှုပုံစံသည် လူကြီးမင်းတို့ လုပ်ငန်း (ကုမ္ပဏီ) ၏ လုပ်ငန်းစဥ်များ တစ်လျှောက် ထုတ်လွှတ်သော ကာဗွန်ခြေရာများကို တိုင်းတာရန် အလွယ်ကူဆုံး နည်းဖြစ်ပါသည်။ ယခုနည်းလမ်းဖြင့် ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် ၃ ခု ဖြစ် သော နယ်ပယ်(၁) လူကြီးမင်းတို့လုပ်ငန်းမှ တိုက်ရိုက်ထိန်းချုပ်သော လုပ်ငန်းများ၊ နယ်ပယ်(၂) လူကြီးမင်းတို့ လုပ်ငန်းများတွင် အသုံးပြုရန် သုံးစွဲ သော လျှပ်စစ်သောဓာတ်အား အသုံးပြုမှုများနှင့် နယ်ပယ်(၃) လူကြီးမင်းတို့ လုပ်ငန်း၏ ထောက်ပံရေး ကွင်းဆက်တစ်လျှောက်နှင့် အခြားသွယ်ဝိုက်သက်ဆိုင် သော အသုံးပြုမှုများမှ ထွက်ရှိသော ကာဗွန်ခြေရာများကို တိုင်းတာခြင်း ဖြစ်ပါသည်။
ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် ၁
လူကြီးမင်းတို့၏ လုပ်ငန်းဆောင်ရွက်ခြင်းမှ တိုက်ရိုက်ထုတ်လွှတ်သော ကာဗွန်ခြေရာကို ကာဗွန်ထုတ်လုပ်မှု နယ်ပယ်(၁) ဟုခေါ်ပါသည်။ ကာဗွန် ထုတ်လွှတ်မှု နယ်ပယ် (၁) တွင် လူကြီးမင်းတို့၏ လုပ်ငန်းစု အောက်ရှိ တိုက်ရိုက်စီမံခန့်ခွဲမှု အောက်တွင်ရှိသော လုပ်ငန်းများမှ ထွက်ရှိသော ကာဗွန် ထုတ်လွှတ်မှုများ ပါဝင်ပါသည်။
အဆိုပါ အမျိုးအစား ထုတ်လွှတ်မှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။
(၁) ကုမ္ပဏီ၊ စက်ရုံများနှင့် အလုပ်ရုံများတွင် လောင်စာအသုံးပြုမှုမှ ကာဗွန် ထုတ်လွှတ်မှုများ၊ (၂) ကုမ္ပဏီလုပ်ငန်းများတွင် အသုံးပြုသော သယ်ယူ ပို့ဆောင်ရေး ကုန်တင်ကားများ၊ ဝန်ထမ်းများ လုပ်ငန်းအတွက် အသုံးပြုရန် ပေးထားသော ကုမ္ပဏီပိုင်ကားများတွင် လောင်စာအသုံးပြုမှုများမှ ထွက်ရှိ သော ကာဗွန်ထုတ်လွှတ်မှုများ၊ (၃) ကုမ္ပဏီ၏ ထုတ်ကုန်ထုတ်လုပ်ရာ လုပ်ငန်းစဥ်မှ ထွက်ရှိသော ကာဗွန်ထုတ်လုပ်မှုများ (ဥပမာ/ ကွန်ကရက် စက်ရုံများ နှင့် အခြားသောလုပ်ငန်းများမှ မီသိန်းနှင့် နိုက်ထရက်စ် အောက်ဆိုဒ်ကဲ့သို့သော ဓာတ်ငွေ့များ)၊ (၄) လုပ်ငန်းသုံးအမှိုက်များ မီးရှို့ စွန့်ပစ်ရာမှ ထွက်ရှိလာသော ကာဗွန်ထုတ်လွှတ်မှုများ ပါဝင်ပါသည်။
ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် ၂
ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် (၂) တွင် လူကြီးမင်းတို့၏ လုပ်ငန်း (ကုမ္ပဏီ) ရုံးခန်းများ၊ အရောင်းပြခန်းများတွင် သုံးစွဲသော လျှပ်စစ်ဓာတ်အားအတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထုတ်လွှတ်သော ကာဗွန်ထုတ်လွှတ်မှုများ ကဲ့သို့ တိုက်ရိုက်မဟုတ်သော်လည်း လူကြီးမင်းတို့၏ သွယ်ဝိုက်သုံးစွဲမှုများ ကြောင့် လေထုထဲသို့ ထွက်ရှိသည့် ကာဗွန်ထုတ်လွှတ်မှုများ ပါဝင်ပါသည်။
ကာဗွန်ထုတ်လွှတ်မှု နယ်ပယ်(၂) တွင် မြန်မာ့လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းနှင့် အခြားသော ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများမှတဆင့် လစဥ် လူကြီးမင်းတို့ လုပ်ငန်းအတွက် ဝယ်ယူသုံးစွဲသည့် လျှပ်စစ်နှင့် အခြားသော လောင်စာသုံးစွဲမှုများ ပါဝင်ပါသည်။
နိုင်ငံတော်အဆင့် အကိုးအကား ပြုလုပ်နိုင်သည် ရည်ညွှန်း ကာဗွန် ထုတ်လွှတ်မှု အညွှန်းကိန်း ကိုးကားရန်မရှိသေးသည့်အတွက် မြန်မာနိုင်ငံ၏အိမ်နီးချင်း နိုင်ငံများမှ ရည်ညွှန်းကာဗွန်ထုတ်လွှတ်မှု အညွှန်းကိန်းကို အသုံးပြု၍ တွက်ချက် ဆောင်ရွက် ပါသည်။
ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် ၃
လူကြီးမင်းတို့ လုပ်ငန်း (ကုမ္ပဏီ)မှ တိုက်ရိုက်စီမံခန့်ခွဲမှု အောက်တွင် မရှိ သော်လည်း လူကြီးမင်းတို့၏ လုပ်ငန်းနှင့် စပ်လျဥ်း၍ ပံ့ပိုးဆောင်ရွက်ရာမှ တဆင့် ထုတ်လွှတ်သော ကာဗွန်ခြေရာကို ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် (၃) တွင် ထည့်သွင်းတွက်ချက်ရပြီး ပုံမှန်အားဖြင့် ကာဗွန်ထုတ်လွှတ်မှုနယ်ပယ် (၃)သည် လုပ်ငန်း (ကုမ္ပဏီ) ၏ အဓိက အများဆုံး ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် ဖြစ်နေလေ့ရှိပါသည်။
ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် (၃) သည် ဥပမာအားဖြင့် ကုမ္ပဏီမှ ဝန်ထမ်းများ လုပ်ငန်းကိစ္စအတွက် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်း များ၊ အဝေးပြေး ယာဥ်လိုင်းများသုံး၍ ခရီးသွားခြင်းများမှလည်းကောင်း၊ ဝန်ထမ်းများ နေ့စဥ်ရုံးတက်ရာတွင် အသုံးပြုသော ကိုယ်ပိုင်ယာဥ်၊ အများသုံး သယ်ယူပို့ဆောင်ရေးများ သုံးစွဲရာမှလည်းကောင်း၊ ပြည်ပမှ လုပ်ငန်းအတွက် ပစ္စည်းတင်သွင်းရာတွင်လည်းကောင်း၊ ပြည်တွင်းသယ်ယူ ပို့ဆောင်ရေးစနစ် များသုံး၍ ကုန်စည်များကို ဖောက်သည်များထံ ပို့ဆောင် ရာတွင် လည်းကောင်း စသည့် လူကြီးမင်းတို့လုပ်ငန်းမှ တိုက်ရိုက်စီမံခန့်ခွဲ ခြင်း မရှိသော်လည်း လုပ်ငန်းလိုအပ်ချက်များကို တဆင့်ခံ ဖြည့်ဆည်း ဆောင်ရွက်ရာမှ တဆင့် ထွက်ရှိသော ကာဗွန်ထုတ်လွှတ်မှုများကို ကာဗွန်ထုတ်လွှတ်မှု နယ်ပယ်(၃) တွင် ထည့်သွင်းတွက်ချက်ရပါသည်။