top of page

ဝန်ဆောင်မှုများ

ကော်ပိုရိတ်တာဝန်ယူမှု၊ တာဝန်ခံမှု မဟာဗျူဟာ

CR1.png

ကော်ပိုရိတ်များဝာာဝန်ယူမှု

ရွှေတောင်သာဂသူအနေဖြင့် လူကြီးမင်းတို့ လုပ်ငန်း (ကုမ္ပဏီ) များ၏ ပန်းတိုင်များ၊ စံတန်ဖိုးများ၊ လုပ်ငန်းစဥ်များနှင့် ကိုက်ညီမှုရှိသော ကော်ပိုရိတ်တာဝန်ယူမှု၊ တာဝန်ခံမှု မဟာဗျူဟာကို စနစ်တကျရေးဆွဲနိုင်စေရေးကို ကူညီဆောင်ရွက်ပေး လျက် ရှိပါသည်။ အဆိုပါ လုပ်ငန်းစဥ်များကို အောက်ပါအဆင့် (၉) ဆင့်ဖြင့် ဆောင်ရွက်ပေးနေပါသည်။ 


(၁) လုပ်ငန်း၏ လက်ရှိအခြေအနေကို အကဲဖြတ်ခြင်း၊ (၂) မဟာဗျူဟာ၏ ဦးတည်ချက်နှင့် စံတန်ဖိုးများ အဓိပ္ပါယ် ဖွင့်ဆိုခြင်း၊ (၃) လုပ်ငန်း၏ အဓိက ပါဝင်ပတ်သက်သူများနှင့် ချိတ်ဆက်ခြင်း၊ (၄) မျှော်မှန်းချက်များနှင့် ဦးတည် ချက်များ ချမှတ်ခြင်း၊ (၅) ဦးတည်ဧရိယာများ သတ်မှတ်ခြင်း၊ (၆) မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း၊ (၇) လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ံယူမှု၊ တာဝန်ခံမှုကို ထည့်သွင်းဆောင်ရွက်ခြင်း၊ (၈) တိုးတက်မှုကို တိုင်းတာခြင်းနှင့် ထိန်းညှိဆောင်ရွက်ခြင်း၊ (၉) နှစ်စဥ်အစီရင်ခံစာ ထုတ်ပြန်၍ ပါဝင်ပတ်သတ်သူများ အားလုံး (စားသုံးသူများ၊ ဖောက်သည်များ၊ လုပ်ငန်းမိတ်ဖတ်များ)  နှင့် ဆက်သွယ် ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။

ကော်ပိုရိတ်များဝာာဝန်ယူမှု

(၁) လုပ်ငန်း၏လက်ရှိအခြေအနေကိုအကဲဖြတ်ခြင်း

 

လုပ်ငန်း၏ လက်ရှိ ကော်ပိုရိုတ် တာဝန်ယူမှု ဆိုင်ရာမူဝါဒများ နှင့် လုပ်ငန်းစဥ်များ အား အားသားချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ နှင့် စိန်ခေါ်မှု အကဲဖြတ်ခြင်း နည်းလမ်း (SWOT Analysis) ဖြင့် အကဲဖြတ် ဆောင်ရွက်သွားပါမည်။

(၂) မဟာဗျူဟာ၏ ဦးတည်ချက်နှင့်စံတန်ဖိုးများအဓိပ္ပါယ်ဖွင့်ဆိုခြင်း


လူကြီးမင်းတို့ ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာ ဦးတည်ချက်များ၊ စံတန်ဖိုးများကို ထည့်သွင်း သုံးသပ်၍ လူကြီးမင်းတို့လုပ်ငန်း နှင့် ကိုက်ညီသော ကော်ပိုရိတ် မဟာဗျူဟာ ဦးတည်ချက် နှင့် စံတန်ဖိုး များကို အဓိပ္ပါယ် ဖွင့်ဆိုဆောင်ရွက်သွားပါမည်။

(၃) လုပ်ငန်း၏အဓိကပါဝင်ပတ်သတ်သူများနှင့်ချိတ်ဆက်ခြင်း

 

ရင်နှီးမြုပ်နှံသူများ၊ ဝန်ထမ်းများ၊ ဖောက်သည်များ၊ မိတ်ဖတ်လုပ်ငန်းများ အပါအဝင် လူကြီးမင်းတို့လုပ်ငန်း၏ အဓိက ပါဝင်ပတ်သတ်သူများ အားလုံးကို ဖော်ထုတ်နိုင်စေရန် အဓိကပါဝင်ပတ်သတ်သူများ မြေပုံ (Stakeholders Map) ကို ရေးဆွဲ၍ အဆိုပါ လူများ အားလုံး၏ ကော်ပိုရိတ် တာဝန်ယူမှုဆိုင်ရာ မျှော်မှန်းချက်များနှင့် စိုးရိမ်မှုများအား နားလည်နိုင်စေရေး ဆောင်ရွက် သွားပါမည်။
 

CR2.png
CR3.png
CR3.png

ကော်ပိုရိတ်များဝာာဝန်ယူမှု

(၄) မျှော်မှန်းချက်များ နှင့် ဦးတည် ချက်များ ချမှတ်ခြင်း

 

လူကြီးမင်းတို့ ကုမ္ပဏီ၏ လုပ်ငန်းဆိုင်ရာ ဦးတည်ချက်များ၊ စံတန်ဖိုးများနှင့် ကိုက်ညီသော တိုင်းတာနိုင်၍ အချိန်ကာလ အားဖြင့်လည်း သတ်မှတ်ထားသော ရှင်းလင်းတည့်ကျသည့် မျှော်မှန်းချက်များကို ဖော်ထုတ်သတ်မှတ် ပေးသွားပါမည်။ 

(၅) ဦးတည်ဧရိယာများ သတ်မှတ်ခြင်း


လူကြီးမင်းတို့ လုပ်ငန်း နှင့် ကိုက်ညီမှုရှိသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝာာဝန်ယူမှု၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု၊ နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ ဒေသခံများ နှင့် ချိတ်ဆက်ဆောင်ရွက်မှုစသည့် သက်ဆိုင်ရာ ကော်ပိုရိတ် တာဝန်ယူမှု လုပ်ငန်းစဥ် ဦးတည် ဧရိယာများကို သတ်မှတ် အတည်ပြု ပေးသွားပါမည်။ 

(၆) မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း


လူကြီးမင်းတို့လုပ်ငန်း၏ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ၊ ကွဲပြားစုံလင်မှု နှင့် အားလုံးပါဝင်စေရေးဆိုင်ရာများ၊ စီးပွားရေးကျင့်ဝတ်ပိုင်း ဆိုင်ရာများ၊ ပရဟိတလုပ်ငန်းစဥ် များနှင့် စပ်လျဥ်းသော မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ ဆောင်ရွက်ပေးသွားပါမည်။ 

CR4.png

ကော်ပိုရိတ်များဝာာဝန်ယူမှု

(၇) လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ံယူမှု၊ တာဝန်ခံမှုကို ထည့်သွင်းဆောင်ရွက်ခြင်း


ကော်ပိုရိတ် တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ငန်းစဥ်များကို လူကြီးမင်းတို့၏ နေ့စဥ် လုပ်ငန်းလည်ပတ်မှုတွင် ထည့်သွင်းဆောင်ရွက်ရာတွင် သေချာမှုရှိစေရန် လုပ်ငန်း နှင့် သတ်ဆိုင်သော လူကြီးမင်း၏ ဝန်ထမ်းများ အားလုံး ​၎င်းတို့၏ သက်ဆိုင်ရာတာဝန်၊ ဝတ္တရားများကို သိရှိနားလည်ရန် လိုအပ်ပြီး အဆိုပါအတွက်လိုအပ်သည့် အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးသွားပါမည်။ 

(၈) တိုးတက်မှုကို တိုင်းတာခြင်း နှင့် ထိန်းညှိဆောင်ရွက်ခြင်း


တိုးတက်မှုဆိုင်ရာ တိုင်းတာနိုင်ရေး အညွှန်းကိန်းများ သတ်မှတ်၍ လူကြီးမင်း လုပ်ငန်း၏ ကော်ပိုရိတ်တာဝန်ယူမှု ပန်တိုင်၏ တိုးတက်မှုများနှင့် လိုအပ်ချက်များကို သုံးသပ်ပေးကာ လိုအပ်သလို ထိန်းညှိဆောင်ရွက်ခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ပေးခြင်းများ ပြုလုပ် ဆောင်ရွက်ပေးသွားပါမည်။ 

(၉)နှစ်စဥ်အစီရင်ခံစာ ထုတ်ပြန်၍ ပါဝင်ပတ်သတ်သူများ အားလုံး (စားသုံးသူများ၊ဖောက်သည်များ၊ လုပ်ငန်းမိတ်ဖတ်များ) နှင့် ဆက်သွယ်ဆောင်ရွက် ခြင်း


လူကြီးမင်းတို့၏ ကော်ပိုရိတ်တာဝန်ယူမှုဆိုင်ရာ ကြိုးပမ်းမှုများ နှင့် အောင်မြင်မှုများကို အစီရင်ခံစာ ရေးသား၍ လူကြီးမင်းတို့ လုပ်ငန်းနှင့် သက်ဆိုင်သည့် ပါဝင်ပတ်သတ်သူများအားလုံးကို ဆက်သွယ် အစီအရင်ခံတင်ပြပေးသွားပါမည်။ 

CR4.png
bottom of page