top of page
မန်နေဂျင်းဒါရိုက်တာ၏ နှုတ်ဆက်စကား
Tin Shine Aung.photo.jpg
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ရေး အတွက် အားထုတ်ကျိုးပမ်းးနေသည့်  ဦးဆောင်သူတစ်ဦးအနေဖြင့် ရပ်တည်နေသည့် ရွှေတောင်သာဂသူစင်တာ ကို ကိုယ်စားပြုခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါသည်။  SRIc သည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးနှင့် တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးစနစ်များ မြှင့်တင်ရာတွင် အရှိန်အဟုန်ဖြင့် ဦးဆောင်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နယ်ပယ်စုံပညာရှင်များပါဝင်သည့် အဖွဲ့သည် အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံအသိုင်းအဝိုင်းများနှင့် ပူးပေါင်းကာ ရေရှည်တည်တံ့သော အုပ်ချုပ်ရေးအခြေခံမူများကို ကမ္ဘာ့ရေရှည်တည်တံ့မှုစံနှုန်းများနှင့် ဒေသတွင်း အဓိက ဦးစားပေးများနှင့် ပေါင်းစပ်ထားသော လက်တွေ့အသုံးချနိုင်သည့် အကြံဉာဏ်များနှင့် နည်းဗျူဟာများကို ပေးအပ်လျက်ရှိပါသည်။
 
SRIc တွင် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအား ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသော အနာဂတ်တစ်ခုဆီသို့ အရှိန်မြှင့်ပြောင်းလဲရန် ကတိကဝတ်ပြုထားပါသည်။ ထိုအနာဂတ်သည် နောင်မျိုးဆက်သစ်များ၏ ကောင်းကျိုးချမ်းသာကို ကာကွယ်ပေးပြီး ပြည်သူလူထု၏ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်လာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်ပါသည်။ သုတေသနနှင့် အကြံပေးလုပ်ငန်း ပေါင်းစပ်ထားသော အဖွဲ့အစည်းတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် အုပ်ချုပ်ရေးမူဘောင်များ၊ မူဝါဒဆန်းသစ်တီထွင်မှုများနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ခိုင်မာသော အထောက်အထားအခြေပြု သုတေသနများကို လက်တွေ့အသုံးချနိုင်သည့် အကြံပေးဝန်ဆောင်မှုများနှင့် ပေါင်းစပ်ကာ မြန်မာနိုင်ငံအခြေစိုက် အဖွဲ့အစည်းများအား ရေရှည်တည်တံ့သော အုပ်ချုပ်ရေးပုံစံများ ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့တွင် ကူညီပံ့ပိုးပေးပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းအသိအမှတ်ပြု ကော်ပိုရိတ် တာဝန်ယူမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်မှုဆိုင်ရာ မူဘောင်များကိုလည်း အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးပါသည်။ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ၎င်းတို့အား နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်စေရန်နှင့် အားလုံးပါဝင်သော၊ စွမ်းဆောင်ရည်မြင့်မားသော နှင့် ပွင့်လင်းမြင်သာသော ဖွံ့ဖြိုးတိုးတက်မှုကို ကူညီဖော်ဆောင်ရန် ဖြစ်ပါသည်။
 
အပြောင်းအလဲဖြစ်စေသော စွမ်းအားသည် ဆန်းသစ်တီထွင်သည့် ခေါင်းဆောင်များက ရဲရင့်သော အတွေးအမြင်များနှင့် ပူးပေါင်းလုပ်ဆောင်ချက်များကို အတူတကွ ပေါင်းစပ်လုပ်ကိုင်သည့်အခါတွင် ပေါ်ထွက်လာမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့နှင့်လက်တွဲဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ရှိပါသည်။

တင်သျှိုင်းအောင် 

PhD Candiate

မန်နေဂျင်းဒါရိုက်တာ

ရွှေတောင်သာဂသူစင်တာ

bottom of page