top of page

ဝန်ဆောင်မှုများ

ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအရင်ခံစာ

Su2.png
Su2.png

ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်
ညီသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အစီအရင်ခံစာ

ဈေးကွက်စီးပွားရေးလောကရှိ အထင်ကရပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ဖောက်သည် များနှင့် စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများထံမှ ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက် ညီသော ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အချက်အလက်များနှင့် စပ်လျဥ်း၍ တောင်းဆိုမှုများ မြင့်တက် လာသည်ကို အသိအမှတ်ပြုကြပြီး ရေရှည်တည်တံ့မှုနှင့် ယုံကြည်စိတ်ချရမှု ဆိုင်ရာ အမြင်သစ်ကို စီးပွားရေး လုပ်ငန်းများအနေဖြင့် လိုအပ်ပါသည်။ 

၂၀၁၉ ခုနှစ်တွင် Fortune 500 အဆင့်သတ်မှတ်ချက်အရ ဝင်ငွေအရ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများ ၏ ၉၀% နီးပါးသည် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီမှုဆိုင်ရာ အစီရင်ခံစာများကို နှစ်စဥ် ထုတ်ပြန်ခဲ့ကြပါသည်။

ရွှေတောင်သာဂသူ၏ အတိုင်ပင်ခံအဖွဲ့ဝင်များသည် သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝသာယာဝပြောရေး၊  နှင့် ကော်ပိုရိတ်များစီမံခန့်ခွဲရေး (ESG) နှင့် ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်များကို ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှု၊ နည်းပညာနှင့် အချက်အလက်များ ကို ဝန်ဆောင်မှုပေးပါသည်။ 
 

Data.png

၁၉၉၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်းရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသော
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီရင်ခံစာ
တင်ပြခဲ့သော ကမ္ဘာတစ်ဝှမ်းရှိကုမ္ပဏီများ

Statisata
Data.png
Data.png

ကာဗွန်ခြေရာတိုင်းတာခြင်း

မြန်မာကုမ္ပဏီများအနေဖြင့် လုပ်ငန်းအရွယ်အစား၊ အမျိုးအစားအလိုက် ကာဗွန် ခြေရာ (ကာဗွန်ထုတ်လုပ်မှု) စီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရင်း နိုင်ငံတကာစံနှုန်းများ၊ မူဘောင်များ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) တို့နှင့်အညီ လူကြီးမင်းတို့ လုပ်ငန်းများမှ ကာဗွန်ထုတ်လွှတ်မှု လျော့ချနိုင်ရေးကို ပံ့ပိုးကူညီဆောင်ရွက်ရင်း ရွှေတောင်သာဂသူ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကာဗွန် လျော့ချမှုကို ဆောင်ရွက်ရာ တွင် အောင်မြင်မှုရရှိရေးအတွက် ပါဝင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။
ကာဗွန်ထုတ်လွှတ်မှု နယ်ပယ် (၁) အား စီမံခန့်ခွဲခြင်းနှင့် စောင့်ကြပ်ထိန်းညှိခြင်းသည် ကုမ္ပဏီများ၊ လုပ်ငန်းစုများအတွက် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီနိုင်စွမ်းနှင့် ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးအတွက် အဓိကအကျဆုံးအပိုင်း ဖြစ်ပါသည်။
အဆိုပါ လျော့ချခြင်းလုပ်ငန်းစဥ်များတွင် လူကြီးမင်းတို့၏ လုပ်ငန်းအတွက် စွမ်းအင် လိုအပ်ချက်များအား ရေရှည် တည်တံ့ခိုင်မြဲသော သဘာဝရင်းမြစ်များမှ ပြောင်းလဲ သုံးစွဲခြင်းမျိုး ပါဝင်ပါသည်။
ကာဗွန်ထုတ်လွှတ်မှုနယ်ပယ် (၃) အား ထိန်းညှိဆောင်ရွက်ခြင်းသည်လည်း လူကြီးမင်း တို့ လုပ်ငန်း၏ ကာဗွန်ခြေရာလျော့ချရေးအတွက် အရေးကြီးပါသည်။

Su3.png

ကာဗွန်ခြေရာအားခုနှိမ်ခြင်း

ကာဗွန်ခြေရာအားခုနှိမ်ခြင်းသည် အဖွဲ့အစည်းတစ်ခု၊ ကုမ္ပဏီတစ်ခု၊ သို့မဟုတ် လူတစ်ဦးချင်းစီပင် ဖြစ်ပါစေ မိမိ၏ကာဗွန်ထုတ်လွှင့်မှု ကာဗွန်ခြေရာအား ခုနှိမ် နိုင်စေရန် ကာဗွန်လျော့ချခြင်း လုပ်ငန်းများ (သို့မဟုတ်) လေထုထဲမှ ကာဗွန်အားစုပ်ယူခြင်းကဲသို့ လုပ်ငန်းများတွင် အစားထိုးပြန်လည် ရင်းနှီးမြုပ်နှံ ပေး၍ မိမိ၏ လုပ်ငန်းကြောင့် လေထုထဲသို့ ထုတ်လွှင့်ခဲ့သော ကာဗွန်ပမာဏ အား ပြန်လည်ခုနှိမ်ပေးခြင်းဖြစ်ပါသည်။ 
အောက်ပါပုံစံများဖြင့် ကာဗွန်ခြေရာအား ခုနှိမ်ခြင်းကို ဆောင်ရွက်နိုင်ပါသည်။


ကာဗွန်ခြေရာအားခုနှိမ်ခြင်း စီမံကိန်းများသည် ပုံစံအမျိုးမျိုးဖြင့် လေထုထဲမှ ဖန်လုံအိမ် ဓာတ်ငွေ့လျော့ချခြင်း၊ စုပ်ယူဖယ်ရှားခြင်း (သို့မဟုတ်) လေထုထဲသို့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိစေရေးကို ဆောင်ရွက်လျက် ရှိကြပါသည်။
အဆိုပါ စီမံကိန်းများသည်  အမှန်တကယ်လေထုထဲမှ ကာဗွန်လျော့ချနိုင်ခြင်း ရှိ၊ မရှိ ကို နိုင်ငံတကာအသိမှတ်ပြု အဖွဲ့အစည်းများထံ တင်ပြ၍ ထိုအဖွဲ့အစည်း များထံမှ အသိအမှတ်ပြု ထောက်ခံချက်လက်မှတ်များ ရယူ ဆောင်ရွက် ရပါသည်။ 

Su3.png
bottom of page