Sustainability လက်တွေ့ခန်း
Edu4SD စီမံကိန်း
ဦးတည် SDGs များ
Edu4SD ပရောဂျက်သည် Sustainable Development Goals (SDGs) နှင့် ပစ်မှတ် (၃) ခုကို ကိုင်တွယ်ဖြေရှင်းရန် မျှော်မှန်းထားပြီး၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာတတ်မြောက်မှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
ဤစီမံကိန်း၏ အဓိက ဦးတည်ချက်မှာ Facebook၊ Instagram နှင့် LinkedIn တို့အပါအဝင် လူကြိုက်များသော လူမှုမီဒီယာပလက်ဖောင်းများကို အသုံးပြု၍ မြန်မာလူငယ်များကို ဦးတည်ချဥ်းကပ်ကာ အသိပညာပေးရန် ဖြစ်ပါသည်။ ယခုချဉ်းကပ်မှုပုံစံသည် ပထဝီဝင်ဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားပေးပြီး ဦးတည်အုပ်စု၏ တည်နေရာကို မခွဲခြားဘဲ အားလုံးပါဝင်နိုင်ပါသည်။
အွန်လိုင်းသင်တန်းများ
ဤသင်တန်းများကို e-learning modules များအဖြစ် မဟာဗျူဟာကျကျ ရေးဆွဲထားပြီး မြန်မာဘာသာစကားဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် ကမ္ဘာလုံးဆိုင်ရာ သင်ယူနိုင်သော အတွေ့အကြုံကို သေချာစေရန်၊ နိုင်ငံတကာ စံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့် အဓိကကျသော ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ ခေါင်းစဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်စေရန် ဆောင်ရွက်ထားပါသည်။ ဤသင်တန်းများကို Creative Commons Attribution 4.0 International လိုင်စင်အောက်တွင် သင်ခန်းစာအဖြစ် Zenodo ပလပ်ဖောင်းတွင် စာရင်းသွင်း ထုတ်ဝေပြီး YouTube တွင်လည်း တင်ထားပါသည်။
စပါယ်စကားဝိုင်းဆွေးနွေးပွဲများ
Edu4SD ပရောဂျက်ကို ရေးဆွဲရာတွင် အသိပညာဖြန့်ဝေခြင်းနှင့် လူငယ်များ၏ ပါဝင်ပတ်သက်မှုကို အခိုင်အမာ အလေးပေးထားသည့် အပြန်အလှန်အကျိုးသက်ရောက်ပြီး တက်ကြွသော ထိတွေ့ဆက်ဆံမှုဗျူဟာကို မဟာဗျူဟာကျကျ ရေးဆွဲထားပါသည်။ ဤသတ်မှတ်ထားသောနည်းလမ်းသည် ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုသဘောတရားဆိုင်ရာ ခေါင်းစဥ်များကို တစ်လ တစ်ကြိမ် စကားဝိုင်းဆွေးနွေးပွဲများ နှင့် ရေဒီယိုထုတ်လွှင့်မှု များကို ပုံမှန်တင်ဆက်ခြင်းဖြင့် ဆောင်ရွက်လျှက်ရှိပါသည်။
သိကောင်စရာများမျှဝေခြင်း
Edu4SD ပရောဂျက်ဘောင်အတွင်း၊ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီမှုသဘောတရားဆိုင်ရာအကြောင်းအရာများကို အပတ်စဥ် ပုံမှန်မျှဝေ ဖန်တီးမှုများ မှတစ်ဆင့် အသိပညာဖြန့်ဝေခြင်းအတွက် စနစ်တကျနှင့် ဆွဲဆောင်မှုရှိသောချဉ်းကပ်မှုတစ်ခုကို ထူထောင်ထားပါသည်။ ယခုချဥ်းကပ်မှုပုံစံသည် ရွှေတောင်သာဂသူပရိသတ်များ၏ မတူကွဲပြားသော ဘာသာစကားဆိုင်ရာ စိတ်ကြိုက်ရွေးချယ်မှုများကို ဖြည့်ဆည်းပေးရန်အတွက် ရည်ရွယ်ပြီး မြန်မာနှင့် အင်္ဂလိပ်ဗားရှင်းနှစ်မျိုးစလုံးဖြင့် မျှဝေလျှက်ရှိပါသည်။