top of page
inspiration-history-leaders-lessons-insp

ရွှေတောင်သာဂသူစင်တာ၏ အမည်ကိုရွေးချယ်ခဲ့ရာတွင် နာမည်ကျော် ရှေးစာဆိုတော်ကြီးလည်း ဖြစ်၊ သုတေသီလည်းဖြစ်၊ နိုင်ငံခြားရေးပါရဂူလည်း ဖြစ်သည့် ဗမာမွတ်စလင်ပညာရှင်တစ်ဦးဖြစ်သော် သခင်ကြီးဦးနု၏ ဘွဲ့ အမည်ကို ဂုဏ်ပြု့၍မှည့်ခေါ်ထားခြင်းဖြစ်ပါသည်။ ဆရာကြီးရေးသားပြုစုခဲ့သည့်ကျမ်းများအနက် ထင်ရှားသည်ကျမ်းဖြစ်သည့် ဘင်္ဂလားသွား ခရီးသွားမှတ်တမ်းကို ကုန်သည်တစ်ဦး (မြန်မာမင်း၏လျှို့ဝှက်အထောက်တော်) အဖြစ် ဘင်္ဂလားကိုသွားရောက်စဥ် ရေးသားပြုစုခဲ့သည်။ဆရာကြီး၏ ဘင်္ဂလားသွားခရီးသွားမှတ်တမ်းသည် မြန်မာစာပေသမိုင်းတွင်အစောဆုံး ခရီးသွားခရီးသွားမှတ်တမ်းတစ်ခု ဖြစ်ခဲ့ ပြီးကုန်ဘောင်မင်းဆက်၏နိုင်ငံတကာဆက်ဆံရေးမျက်နှာစာအတွက်များစွာအသုံးတည့်ခဲ့သည်။ဆရာကြီး၏ အိန္ဒိယတိုက်ငယ်ခရီးစဥ်အတွင်းစာပေနှင့်ဆေးပညာဆိုင်ရာစုဆောင်းဆောင်ရွက်မှုများအတွက် သခင်ကြီး ဦးနုကို ကုန်ဘောင်မင်းဆက်၏ ဆဌမမြောက်ဘုရင် ဘိုးတော်ဘုရားက “ရွှေတောင်သာဂသူဘွဲ့” အမည်ခံယူစေပြီး ရမ်းဗြဲမြို့ဝန်အဖြစ် အာရကန်(ရခိုင်)ကို ဗမာမင်းတို့ အောင်နိုင်ပြီးနောက် တွင်ခန့်အပ်ခဲ့ပါသည်။ ဆရာကြီးသည် ကုန်းဘောင်မင်းဆက်၏ သတ္တမမြောက်ဘုရင် ဘကြီးတော်မင်းလက်ထက်အထိ ဘုရင့်အမှုတော်ထမ်းခဲ့ပြီး ဆရာကြီး၏အုတ်ဂူကို အမရပူရမြို့တွင် ယခုတိုင်တွေ့နိုင်သေးသည်။

IMG_5544.JPG
ရွှေတောင်သာဂသူ သခင်ကြီးဦးနု
(Picture: Dr. Aung Zaw)
bottom of page