top of page

ရွှေတောင်သာဂသူအကြောင်း

Shwetaungthagathu
Trees and Cliff

မျှော်မှန်းချက်

မြန်မာနိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ဆက်သွယ်ပေးခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသော စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ မြှင့်တင်ပေးခြင်းနှင့် ခေတ်မီသော သုတေသန၊ အသိပညာအခြေပြု ဆွေးနွေးမှုများနှင့် နည်းဗျူဟာကျသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မူဝါဒဆိုင်ရာ အဖြေရှာမှုများကို ပုံဖော်ကာ ရေရှည်တည်ခိုင်မြဲ၍ဟန်ချက်ညီသော အုပ်ချုပ်မှုနှင့် တာဝန်ယူမှုရှိသည့် စီးပွားရေး ပြောင်းလဲမှုအား ဦးဆောင်နိုင်သော အဓိက ကဏ္ဍမှ ပါဝင်လုပ်ဆောင်ရန်။

Globe
Trees and Cliff
Tree Lined Path

ရည်မှန်းချက်

အစိုးရ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများအား ကမ္ဘာ့ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသော စံနှုန်းများနှင့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (SDGs) နှင့်အညီ လုပ်ဆောင်နိုင်စေရန် ခိုင်မာသော မူဝါအခြေပြုသုတေသန၊ နည်းဗျူဟာကျသော ဆန်းစစ်လေ့လာမှုများနှင့် ဆန်းသစ်ဖော်ထုတ်နိုင်သည့် အကြံပေးဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်။ SRIc ၏ Sustainability Lab မှတစ်ဆင့် ထိရောက်သော သုတေသနများ ပြုလုပ်ခြင်း၊ အသိပညာမြှင့်တင်သည့် အများပြည်သူဆိုင်ရာ ဆွေးနွေးမှုများ ဖော်ဆောင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များနှင့် ပညာရပ်ဆိုင်ရာ ဖြန့်ဝေမှုများကို လက်တွေ့အသုံးချနိုင်သော အဖြေရှာမှုများအဖြစ် ပြောင်းလဲပေးရန်။

Three Women

တန်ဖိုးထားမှုအခြေခံမူများ 

  • ကျွန်ုပ်တို့သည် လုပ်ငန်းဆောင်ရွက်မှုအားလုံးတွင် သမာဓိ၊ လွတ်လပ်မှုနှင့် တာဝန်ယူမှု တို့ကို အမြင့်မားဆုံး ထိန်းသိမ်းထားသည်။

  • လိမ်လည်မှု၊ ခွဲခြားဆက်ဆံမှုနှင့် အလွဲသုံးစားမှု များကို လုံးဝ သည်းမခံပါ။

  • လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားမှုများကို အပြည့်အဝ လေးစားသည်။

  • ကျိုးကြောင်းဆီလျော်သော ဆန်းစစ်ဝေဖန်မှု၊ တည်ဆောက်နိုင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့သည် လက်တွေ့ကျသော အဖြေရှာမှုများနှင့် အဆင့်တိုင်းရှိ စိတ်ဝင်စားသူများအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သည်ဟု ယုံကြည်သည်။

Three Women
bottom of page