
SRIc
၂၀၂၄ မေ ၁၈
Sustainability Diplomacy
Sustainability Diplomacy ရေရှည်တည်တံ့ခိုင်မြဲရေး သံတမန်ရေးချဥ်းကပ်ခြင်း (စပါယ်စကားဝိုင်း အပတ်စဥ် ၁၂)
-----------------------------------------------
🌐 ယခုစပါယ်စကားဝိုင်းအပတ်စဥ် ၁၂ တွင် ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုကို ဆောင်ရွက်ရာတွင် အရေးပါသည့် ချဥ်းကပ်မှုပုံစံဖြစ်သည့် Sustainability Diplomacy နှင့် စပ်လျဥ်းပြီး ဆွေးနွေးတင်ပြသွားကြမှာ ဖြစ်ပါတယ်။
🌐ရေရှည်တည်တံ့ခိုင်မြဲရေး သံတမန်ရေးချဥ်ကပ်ခြင်းဆိုသည်မှာ ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသည့် နိုင်ငံတကာ သဘောတူညီချက်များ၊ မူဝါဒများနှင့် မဟာဗျူဟာများကို အကျိုးစီးပွားမတူညီသော နိုင်ငံများ၊ အဖွဲ့အစည်းများကြားတွင်တူညီသော ဘုံရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရေး အတွက် စေ့စပ်ညှိနှိုင်းခြင်းနှင့် အကောင်အထည်ဖော်ခြင်း အလေ့အကျင့်ကို ရည်ညွှန်းပါသည်။
ယခု webinar ကို တက်ရောက်လိုပါက အောက်ပါ linkကိုနှိပ်၍ တက်ရောက်နိုင်ပါတယ် ရှင့်။
🌐 ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးသာတူညီမျှမှုတို့ကို ပေါင်းစပ်ဖြေရှင်းရန် နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) နှင့် အခြားသော သက်ဆိုင်သူများ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို ဆိုလိုခြင်း ဖြစ်ပါသည်။
🌐ယခုအပတ်စကားဝိုင်းတွင် အမေရိကန်နိုင်ငံတွင် Sustainaibility Policy နှင့်စပ်လျဥ်း၍ မဟာတန်းကျမ်းပြုနေသူ မဖြူစပါယ်မွန်၊ သြစတီးယားနိုင်ငံတွင် Politcal Science ဘာသာရပ်ဖြင့် မဟာတန်းကျမ်းပြုနေသူ မဆုမြတ်ဝေလှိုင် နှင့် ပေါ်တူဂီနိုင်ငံတွင် Sustainability Science ဘသာရပ်ဖြင့် ပါရဂူတန်းကျမ်းပြုနေသူ ကိုတင်သျှိုင်းအောင် တို့က ဆွေးနွေးတင်ပြသွားကြမှာ ဖြစ်ပါတယ်။
တက်ရောက်သူ အရေအတွက် ကန့်သတ်ထားတာမို့ ယခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။
Register ပြုလုပ်ထားပြီးပါက မိမိဖြည့်သွင်းလိုက်သည့် Form copy သည် ဖြည့်သွင်းလိုက်သည့်လူ၏ email ထဲသို့ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါ email ထိပ်ရှိ Sabai Webinar Microsoft Team link ဆိုသည့် စာတန်းအားနှိပ်၍ တက်ရောက်ရမည့် link ကို registration ပြုလုပ်ပြီးသည်နှင့် သိရှိနိုင်သလို၊ ပွဲ မစခင် ၂ ရက် အလိုတွင်လည်းတက်ရောက်ရမည့် Microsoft Team Link ကို ရွှေတောင်သာဂသူ စင်တာမှ လူကြီးမင်းတို့ထံ email ဖြင့် ထပ်မံပို့ပေးသွားပါမယ်။
အသိပေးချက်။
Microsoft Team မှနေ၍ ပြုလုပ်သွားမည် ဖြစ်ပါသော ကြောင့် လူကြီးမင်းတို့၏ ဖုန်း၊ကွန်ပျူတာ တို့တွင် Microsoft Team ကို ကြိုတင် ဒေါင့်လုပ်ရယူထားနိုင်ရန်လိုအပ်ပါတယ်။