top of page

Sabai Webinar Series 11

SRIc

၂၀၂၄၊ ဧ ၂၁

Scholarships in Brunei Darussalam

Scholarships in Brunei Darussalam ဘရူနိုင်းမှာ ပညာသင်ဆုနှင့် ကျောင်းတက်မယ် (စပါယ်စကားဝိုင်း အပတ်စဥ် ၁၁)


📌 နေ့ရက် - ၂၆ ရက်နေ့ ဧပြီလ ၂၀၂၄ (သောကြာနေ့)

📌 အချိန် - ညနေ ၅ နာရီ (မြန်မာစံတော်ချိန်)

📌 နေရာ - Microsoft Team


ယခု webinar ကို တက်ရောက်လိုပါက အောက်ပါ Microsoft Team linkကိုနှိပ်၍ တက်ရောက်နိုင်ပါတယ် ရှင့်။



https://teams.microsoft.com/l/meetup-join/19%3ameeting_MTQ3MDA4ZGYtYTVhZi00NjQxLTk1ZDYtNjRmYjJjMzg0ODY5%40thread.v2/0?context=%7b%22Tid%22%3a%220bfa8500-b1f2-4566-baf1-6f59370893e7%22%2c%22Oid%22%3a%22b90ddc7a-d99f-4039-92fa-6ab2b8f59579%22%7d


ယခုစပါယ်စကားဝိုင်းအပတ်စဥ် ၁၁ တွင် မြန်မာနိုင်ငံမှ လူငယ်များအတွက်အရေးတကြီးလိုအပ်နေတဲ့ ပညာသင်ဆုနှင့် ပတ်သတ်ပြီး မြန်မာနဲ့ သိပ်မဝေးလှတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုလည်းဖြစ်တဲ့ ဘရူနိုင်းနိုင်ငံမှာ ပညာသင်ဆုနဲ့ ဘယ်လိုကျောင်းတက်ရောက်နိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး ရွှေတောင်သာဂသူ-စင်တာ အနေဖြင့် ဘရူနိုင်း Polytechnic School of Petrochemical ဌာနမှုး Mr Izuddin ကို အထူးဧည့်သည်အနေနဲ့ဖိတ်ကြားပေးထားပါတယ်။


ဘရူနိုင်းနိုင်ငံဟာ ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တာမို့ မြန်မာပြည်နဲ့ ရာသီဥတု၊ဓလေ့စရိုက်တွေ အများကြီးမကွာသလို၊ ဒေသတွင်းမှာ ပညာရေးအဆင့်တန်းမြင်မားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။


အလွန်အင်မတန်မှ ချမ်းသာတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်တာမို့ ပညာသင်ဆုတွေလည်း ပေးထားပီး နေထိုင်စရိတ် ပါ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုအပြည့်အဝ ရရှိဖို့ အခွင့်အလမ်းတွေလည်းရှိနေပါတယ်။


ခမ်းနားတဲ့ နန်းတော်ကြီးတွေ၊ တက္ကသိုလ်ကြီးတွေလည်း တည်ရှိပြီး ဘရူနိုင်းလူမျိုးတွေဟာ ဖော်ရွေမှုလည်း အလွန်ကောင်းကြသလို ကူညီတတ်ကြတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။


မြန်မာပြည်က ကျောင်းသားတွေအတွက် လက်ရှိ ပညာဆက်လက်သင်ကြားဖို့ အခက်အခဲတွေ ရှိနေချိန်မှာ အခွင့်အလမ်းတစ်ခုအနေနဲ့ ထည့်သွင်းစဥ်စားသင်တဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။


ဒါကြောင့်မို့ ပညာသင်ဆုနဲ့ ကျောင်းတက်ဖို့ စိတ်ဝင်စားတဲ့ လူတွေအနေနဲ့ မဖြစ်မနေတက်ရောက်သင့်သည့် စကားဝိုင်းဆွေးနွေးပွဲလေးဖြစ်ပါသည်။ အစီအစဥ်ကို အင်္ဂလိပ်ဘာသာစကားနဲ့ တင်ပြသွားမှဖြစ်ပြီး မေးခွန်းများမေးမြန်ရန်အတွက်လည်း ရွှေတောင်သာဂသူ-စင်တာ ကတာဝန်ရှိသူများက နေ မြန်မာလို ဘာသာပြန် ကူညီပေးသွားပါမည်။


တက်ရောက်သူ အရေအတွက် ကန့်သတ်ထားတာမို့ ယခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။


Register ပြုလုပ်ထားပြီးပါက မိမိဖြည့်သွင်းလိုက်သည့် Form copy သည် ဖြည့်သွင်းလိုက်သည့်လူ၏ email ထဲသို့ ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါ email ထိပ်ရှိ Sabai Webinar Microsoft Team link ဆိုသည့် စာတန်းအားနှိပ်၍ တက်ရောက်ရမည့် link ကို registration ပြုလုပ်ပြီးသည်နှင့် သိရှိနိုင်သလို၊ ပွဲ မစခင် ၂ ရက် အလိုတွင်လည်းတက်ရောက်ရမည့် Microsoft Team Link ကို ရွှေတောင်သာဂသူ စင်တာမှ လူကြီးမင်းတို့ထံ email ဖြင့် ထပ်မံပို့ပေးသွားပါမယ်။


အသိပေးချက်။

Microsoft Team မှနေ၍ ပြုလုပ်သွားမည် ဖြစ်ပါသော ကြောင့် လူကြီးမင်းတို့၏ ဖုန်း၊ကွန်ပျူတာ တို့တွင် Microsoft Team ကို ကြိုတင် ဒေါင့်လုပ်ရယူထားနိုင်ရန်လိုအပ်ပါတယ်။



bottom of page